
ONLY
TICKETS
SIAM PARK ဆိုတဲ့ ပင်လယ်တုကြီးဟာ ထိုင်းနိုင်ငံမှာ တည်ရှိနေပါတယ်။ SIAM PARK ကို 2008 ခုနှစ်က စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဧရိယာ 120 ဧက နီးပါးကျယ်ဝန်းပါတယ်။
လူသားများပြုလုပ်ထားသော အကြီးဆုံး ပင်လယ်အတု ကြီး လည်း ဖြစ်ပါတယ်။ ဇုံကြီး 5 ဇုံ ခွဲခြားထားပြီးတော့ ကျယ် ပြန့် တဲ့ တစ်ဇုံ ခြင်းစီအလိုက် စိတ်ဝင်းစားစရာကောင်းတဲ့ ကစားနည်းပေါင်းများစွာ ကို လည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
လူကြီးလူငယ် ကျားမ မရွေး အပန်းဖြေရာနေရာတစ်ခုကိုရွေးပါဆိုလျှင် တစ်နေရာထဲတွင် လည်ပတ်ဆော့ ကစားနိုင်သော Dream World ကို ရွေးချယ်လိုက်ပါသည်။ ရေခဲကမ္ဘာထဲ
ဝင်လည်ကြမယ်၊ cry bus ၊ ပင်လယ်ဓားပြတွေစီးမယ် ၊ Hurricane ၊ Super Splash ၊ ပြိုင်ကားတွေမောင်းကြမယ် ၊ တိုက်ကားတွေ တိုက်ကြမယ်၊၊ စတဲ့စတဲ့ပြောမကုန် အမျိုးမျိုးသော ကစားနည်း 40 ကို ကြည့်ရှု အပန်းလည်းဖြေ ၊ ကိုယ်တိုင်လဲ ဝင်ကစားပြီး ပျော်ရွှင် နိုင်သော နေရာလေး တစ်ခုဖြစ်ပါတယ်။
အစီအစဉ်အရ တစ်ခြားသူများကဲ့သို့ ဝင်ကြေးအပြင် ကစားလက်မှတ်ထပ်ဝယ်စရာမလိုပဲ ထပ်ခါထပ်ခါ ကစားနိုင်တဲ့ အခွင့်ရေးလဲ ရရှိမှာ ဖြစ်ပါတယ် ။
မမြင်ဖူးတဲ့ တိရစ္ဆာန်များကို သွားရောက်လေ့လာပြီး သဘာဝရဲ့အလှတရားကို ကောင်းကောင်း တွေ့မြင်ခံစားနိုင်ပါတယ်။ Safari World ထဲမှာတော့ show ပွဲ ပေါင်းစုံကို ပြသတင်ဆက်ကြမှာ ဖြစ်ပါတယ်။ တစ်နေ့လျှင် စိတ်ဝင်စားဖွယ် show ပွဲ ပေါင်း ၇ ပွဲ လောက်ထိတင်ဆက်ပြသပေးပါတယ်။ လမ်းလျှောက်လေ့လာခြင်းနှင့် အတူ တောရဲ့ သဘာဝကို သိမြင်ခံစားနိုင်ပါတယ်။ အကောင်မျိုးစုံနဲ့လည်း အမှတ်တရဓာတ်ပုံတွေရိုက်နိုင်သလို ဖန်တီးထားတဲ့ရှုခင်းတွေကလည်း အံ့မခန်းလောက်ပါတယ်။ မျောက်လိမ္မာလေးများ၊ ဖျံလိမ္မာလေးများ၊ လင်းပိုင်များရဲ့ပါးနပ်မှု၊ ဆင်လေးများ၊ ငှက်လေးများ စတဲ့ ဖြော်ဖြေတင်ဆက်မှုတွေကလည်း ပင်ပန်းနွမ်းနယ်မှုတွေကို စိတ်ပျော်ရွှင်မှုအဖြစ် ပြောင်းလဲပေး စွမ်းကြမှ အမှန်ဧကန်ပါပဲ။

Sea Life Ocean World + Madame Tussuads special combination ticket
Siam Paragon ကုန်တိုက်ကြီးရဲ့ မြေအောက်ထဲမှာ တီထွင် ဖော်ဆောင်ထားတဲ့ ပင်လယ်ငါးပြတိုက်ကြီးဖြစ်ပါတယ်။ ပင်လယ်ရေသတ္တဝါ အမျိုးမျိုးတို့ကို ဗဟုသုတအနေနဲ့ရော ထူးဆန်းဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။ပျော်ရွင်ဖွယ်ရာ များကို ဗဟုသုတနဲ့ တွဲယူနိုင်တဲ့ တစ်ခုတည်းသော နေရာလဲ ဖြစ်ပါတယ်။
Siam Paragon ကုန်တိုက်ကြီးရဲ့ မြေအောက်ထဲမှာ တီထွင် ဖော်ဆောင်ထားတဲ့ ပင်လယ်ငါးပြတိုက်ကြီးနှင့် တွဲ လျက် ဖော်ဆောင်ထားတာကတော့ Madame Tussauds လို့ခေါ်တဲ့ ဖယောင်းရုပ်ထုပြတိုက်ပဲဖြစ်ပါတယ်။...နာမည်ကြီး ရုပ်ရှင် မင်းသမီး၊ မင်းသားများအပြင် ကမ္ဘာကျော်သိပ္ပံပညာရှင်များ....အားကစားသမားများ.... အဆိုတော်များ....စတဲ့ထင်ရှားတဲ့ပုဂ္ဂိုလ်များကို တစ်ထေရာတည်း ပုံတူထုစစ်ထားတဲ့ နေရာလဲ ဖြစ်ပါတယ်။
3D ရုပ်လုံးရုပ်ကြွများဖြင့် ဆေးရောင်စုံများ ခြယ်သထားသော... စိတ်လှုပ်ရှားဖွယ်....နံရံဆေးရေးပန်းချီများကို တွေ့ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ဖို့အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။ တကယ့်အပြင်မှာအတိုင်း ရုပ်ထွက်များကို စိတ်ကြိုက် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာဦးအစက သားကောင်များအဖြစ်သိကြတဲ့ ဒိုင်နိုဆောတို့၊ ဂေါ်ဇီလာတို့ ၊ ရှုးပျံတို့ စတဲ့သားရဲ တိရစ္ဆာန်များကို ဗဟုသုတအဖြစ်သွားရောက် လေ့လာနိုင်တဲ့ နေရာကောင်းလေးတစ်ခုဖြစ်ပါတယ်။ သားကောင်များကို ကြည့်ရှုရန်သာမကပဲ.. အပေါ်ရှုခင်းကနေကြည့်ရှုနိုင်မယ့် ချားရဟတ်ကြီးလဲ ရှိပါတယ်။ နေရာလေးက တခြားအပန်းဖြေနေရာများလောက်မကျယ်သော်လည်း သင့်တော်တဲ့
ဗဟုသုတတွေ တစ်ပွေ့တစ်ပိုက်ကြီးရနိုင်မယ့် Dinosaur Planet ဖြစ်ပါတယ်။
ကိုးရီးယားအချက်ပြုတ် ပြပွဲဖြစ်ပါတယ်။ ကိုရီးယားအစားအသောက်တွေကတော့ ထူးဆန်းပြီးစားချင်စဖွယ်ဖြစ်နေတာကိုတော့ အထူးမိတ်ဆက်ပေးစရာမလိုလောက်တော့ဘူးနော့်။ အဲ့လိုစားသောက်တွေကို ဘယ်လိုချက်ပြုတ်တင်ဆက်သွားတယ်ဆိုတာကိုတော့ NANTA SHOW မှာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဟာသပုံစံတင်ဆက်ထားတာမို့ အရီလွန်တတ်ရင်တော့ လက်ကိုင်ပုဝါလေးတွေ ဆောင်သွားနော်။
ROMANTIC ဆန်ဆန်လေးတွေ့ဆုံပြီး နေ့လည်စာ လက်ဆုံစားချင်တာပဲ ဖြစ်ဖြစ်၊ ကြည်ကြည်နူးနူးလေး ညစာစားချင်တာပဲဖြစ်ဖြစ်၊ မိသားစုတွေ့ဆုံပွဲပဲ ဖြစ်ဖြစ်၊ လှပစွာခံစားရင်းအမှတ်တရဖြစ်စေမယ့် ညမျိုးကို ဘန်ကောက်မြို့မှာရှိတဲ့ လက်ရှိအမြင့်ဆုံး ၈၉ ထပ် BAIYOKE HOTEL မှာဖန်တီးနိုင်ပါတယ်။
Siam Niramit လို့ကျော်ကြားတဲ့ ဘန်ကောက်ရဲ့ အကောင်းဆုံး ထဲက တစ်ခု ၊ နိုင်ငံခြားဧည့်သည်တော်များ စိတ်ဝင် စားမှု အများဆုံးဖြစ်တဲ့ နေရာလဲ ဖြစ်ပါတယ်။ Siam niramit ဇာတ်စင်ကြီးဟာ ကမ္ဘာ့ဂရင်းနစ် မှတ်တမ်း ဝင် ဇာတ် စင်ကြီးဖြစ်ပြီး ထူးဆန်းအံ့သြဖွယ်ရာ တင်ဆက်မှုတွေကိုလည်းတွေ့ မြင်ရမှာဖြစ်ပါတယ်။
ကျောက်ဖရားမြစ်(Chao Phraya River) တစ်လျှောက် စိတ်ကူးယဉ်ဆန်ဆန်လေး... ညစာစားသောက်ချင်ကြသူများအဖို့ ဈေးလည်းတန် ခရီးလည်းသင့်လျှော်တဲ့ ရှုခင်းတွေနဲ့ လှပတဲ့ ညခင်းကို တဝကြီးခံစားစေနိုင်မယ့်...အပျော်စီး cruise ကြီးစီးချင်ပါတယ်ဆိုရင်တော့ Grand Pearl Candle lIght Dinner Cruise နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ကျားကို...အဓိကထား...ဆွဲဆောင်မှု လုပ်ထားတဲ့အတွက်ကြောင့်...ကျားပေါက်ကလေးကနေ......ကျားကြီးတွေအထိ...မြင်တွေ့ရမှာပါ.... ကျားပေါက်လေးတွေနဲ့ဓာတ်ပုံရိုက်မယ်...ကျားလေးတွေကို...နို့တိုက်မယ်...နို့ဘူးပြောပါတယ်...ကျားကြီးတွေ...ကြိုးတန်းပေါ်လမ်းလျှောက်တယ်...
မီးကွင်းထဲ...ခုန်ပြတယ်...မတ်တပ်ရပ် လမ်းလျှောက် တယ်...အယ်...ကျန်သေးတယ်...scorpion queen ဆိုပ်ီး... ကင်းမီးကောက်တွေဗျာ... .ရင်ဘတ်ပေါ်မှာ...ကပ်ထားတာ...အစစ်တွေနော်...ဓာတ်ပုံ ရိုက်ချင်ရင်လဲ...ကိုယ့်ကိုကပ်ပေးတယ်....
“If you are looking for an evening out, we are sure you will love that evening with us”
“အကယ်၍ သင်ဟာ ညနေခင်းရဲ့ အလှတရားကို လိုက်ရှာနေတယ်ဆိုရင် သေချာပါတယ် ကျနော်တို့နဲ့ ရှိနေတဲ့ ညနေခင်းကို သင်သဘောကျပါလိမ့်မယ်”
White Orchid Dinner Cruise ရဲ့ဆောင်ပုဒ်လေးဖြစ်ပါတယ်။ Romantic ဆန်တဲ့ ညနေခင်းလေးတစ်ခုကို သေချာပေါက်မြင်တွေ့ချင်ရင်တော့ သေချာပေါက်စိတ်ကူးရင်ဆန်မှရပါလိမ့်မယ်။ ဒီ Curise ကြီးပေါမှာမြင်တွေ့ရပါလိမ့်မယ်။
မြစ်ရေစီးချောင်းနဲ့အတူ လှေကလေးပေါ်မှာကိုယ့်ရဲ့မိသားစုနဲ့ ပျော်ရွှင်စွာညစာစားကြတာမျိုး၊ကိုယ့်ရဲ့ချစ်သူနဲ့အတူ မြစ်ကမ်းလေညင်းခံရင်း ကြည်ကြည်နူးနူး ပွေ့ဖက်ထားတာမျိုး၊ အပေါင်းသင်းများနဲ့ အတူ ညစာစားပွဲ ကျင်းပတာမျိုးတို့ကို အမှတ်တရများစွာနဲ့ အတူ ရှိစေမှာက CHAO PHRAYA DINNER CRUISE ပါ။ ဒါဆိုတစ်ယောက်ထဲ သွားရင်ပျင်းနေမှာပေါ့ မပူပါနဲ့ သင်္ဘောပေါ်မှာ သင့်ကို ဖြော်ဖြေပေးမယ့် Entertainment တွေက သင့် ကို နွေးထွေးစွာ ကြိုဆိုနေမှာပါ။ သင့်ရဲ့ အားလပ်ချိန် ၂ နာရီနဲ့ ၁၅ မိနစ်ကြာချိန်လေးကို ကြည်နူးစရာကောင်းတဲ့ ညနေခင်းလေးအဖြစ်ပြောင်းလဲ ချင်တယ်ဆိုရင်တော့ CHAO PHRAYA DINNER CRUISE က ပျော်ရွှင်စွာ ကြိုဆိုနေမှာ ပါ။
ပန်းခြံတစ်ခုဆိုတာထက်ကိုပိုပြီး စုံစုံလင်လင်ရှိတဲ့ မြင်ကွင်းမျိုးကို အံ့ဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ စိမ်းလန်းစိုပြည်လှပတဲ့ နေရာကျယ်ကြီးကို အံ့ဖွယ်စိတ်ကူးနဲ့ စိုက်ပျိုးပြုစုထားတဲ့ သစ်ပင်ပန်းပင်များကို တွေ့ရမှာဖြစ်ပါတယ်။ ဓာတ်ပုံဝါသနာရှင်များအဖို့တော့ အတော်အကြိုက်တွေ့မယ်နေရာလေး ဖြစ်ပါတယ်။