တောရိုင်းသဘာဝကို စိတ်ဝင်စားကြပြီး လေ့လာစရာဗဟုသုတများ ဆုံစည်းရာ Safari World
- phyoxray
- Jun 20, 2016
- 1 min read

လူကြီး ကလေးမရွေး သွားရောင်လည်ပတ်လေ့လာနိုင်တဲ့ ဗဟုသုတများ ရနိုင်တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ မမြင်ဖူးတဲ့ တိရစ္ဆာန်များကို သွားရောက်လေ့လာပြီး သဘာဝရဲ့အလှတရားကို ကောင်းကောင်း တွေ့မြင်ခံစားနိုင်ပါတယ်။ Safari World ထဲမှာတော့ show ပွဲ ပေါင်းစုံကို ပြသတင်ဆက်ကြမှာ ဖြစ်ပါတယ်။ တစ်နေ့လျှင် စိတ်ဝင်စားဖွယ် show ပွဲ ပေါင်း ၇ ပွဲ လောက်ထိတင်ဆက်ပြသပေးပါတယ်။ လမ်းလျှောက်လေ့လာခြင်းနှင့် အတူ တောရဲ့ သဘာဝကို သိမြင်ခံစားနိုင်ပါတယ်။ အကောင်မျိုးစုံနဲ့လည်း အမှတ်တရဓာတ်ပုံတွေရိုက်နိုင်သလို ဖန်တီးထားတဲ့ရှုခင်းတွေကလည်း အံ့မခန်းလောက်ပါတယ်။ မျောက်လိမ္မာလေးများ၊ ဖျံလိမ္မာလေးများ၊ လင်းပိုင်များရဲ့ပါးနပ်မှု၊ ဆင်လေးများ၊ ငှက်လေးများ စတဲ့ ဖြော်ဖြေတင်ဆက်မှုတွေကလည်း ပင်ပန်းနွမ်းနယ်မှုတွေကို စိတ်ပျော်ရွှင်မှုအဖြစ် ပြောင်းလဲပေး စွမ်းကြမှ အမှန်ဧကန်ပါပဲ။
အစီအစဉ်အရ နေ့လည်စာ Buffet၊ သက်ဆိုင်ရာဝင်ကြေးပါဝင်ပြီး ဖြစ်ပါတယ်။
Comments