Ayutthaya(ရှေးရာဇဝင်တို့ လွမ်းဆွတ်ဖွယ်ရာ မြို့ဟောင်း)
- phyoxray
- Jun 20, 2016
- 1 min read

Ayutthaya မြို့တော်က စိတ်ဝင်စားဖွယ်ရာ ရှေးဟောင်းသမိုင်းဝင်မြို့တော် ဖြစ်ပါတယ်။ The Chao Phraya River, the Lopburi River နဲ့ the Pa Sak River တို့က ရှုပ်ထွေးစွာ ဝန်းရံထားတယ်လို့ ဆိုပါတယ်။ ဘုရားသက္ကရာဇ် ၁၆-၁၈ ရာစုလောက်ကတည်ရှိခဲ့တယ်လို့ ဆိုထားပါတယ်….။ 1350 နှစ်က တည်ထောင်ထားခဲ့တာလို့တွေ့ရှိရပါတယ်။ ၄င်းခေတ်တုန်းက Sukhothai ပြီးရင် Siam(Siam ဆိုသည်မှာ ယခင်က ထိုင်းနိုင်ငံဟုခေါ်သည်) ၏ ဒုတိယအကြီးဆုံးမြို့တော် ဖြစ်လာခဲ့ပါတယ်။ အဲ့ခေတ်တုန်းက တရုတ်၊ အိန္ဒိယ၊ နှင့် မလေးတို့ဟာ ၄င်းနှင့် ကုန်သွယ်ရေးလုပ်ဆောင်ခဲ့သလို အာရှရဲ့ ကုန်သွယ်ရေးမြို့တော်ကြီးဖြစ်ခဲ့ပြီး ကမ္ဘာနဲ့တောင် ကူးသန်းရောင်းဝယ်ခဲ့တယ်လို့ မှတ်တမ်းတွေရှိခဲ့ပါတယ်။ ၁၇၀၀ ခုနှစ်လောက်မှာ Ayutthaya ဟာ နေထိုင်သူ လူဦးရေ ၁ သန်းလောက်ရှိလာပြီး အကြီးဆုံးကုန်သွယ်ရေးမြို့တော်အဖြစ် မှတ်တမ်းတင်ရှိခဲ့ဖူးတယ်။ များစွာသော ကုန်သွယ်ရေးနိုင်ငံများ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ပေါ်တူဂီ၊ နယ်သာလန် နှင့် ပြင်သစ်တို့ကတောင် ကူးသန်းရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။
(WAT PHRASRISAMPHET)
ရှေးဟောင်းသမိုင်းဝင် မြို့ဟောင်းကြီးရဲ့ တစ်ချိန်ကသာယာကြည်နူးဖွယ်ရာ အဖြစ်အပျက်တွေကို ပြန်လည်တမ်းတစေနိုင်တဲ့ နေရာလေး တစ်ခုဖြစ်ပါတယ်။ 14 ရာစုနှစ်ကတည်းက တည်ထားခဲ့ တဲ့ ဗိမာန်တော်ကြီး ဖြစ်ပြီး ရာစုတွင် စစ်ဘေးဒဏ်ကြောင့် 16 မီတာအမြင့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လက်ကျန်အမွေအနှစ်များကို သွားရောက်လေ့လာ ကြည့်ကြဖို့ အကောင်းဆုံးနေရာလဲ ဖြစ်ပါတယ်။ စေတီပုထိုးများကို ကြည့်ရင်း ယဉ်ကျေးမှုအတိမ်အနက် ကို ခန့်မှန်းသိရှိနိုင်ပါတယ်။ စစ်ရဲ့ ဆိုးကျိုးများကို လည်း ခံစားသိရှိ နိုင်သလို အတုယူလေ့လာမှတ်သားရန် အတွက် လည်း ဖော်ပြနိုင်တဲ့ အကျိုးရှိ နေရာတစ်ခုပါ။
(WAT YAICHAIMONGKHOL)
တရုတ်နိုင်ငံက တောင် ရုပ်ရှင်လာရိုက်ကူးသွားတဲ့ ထင်ရှားသော နေရာတွေများ ထဲ က တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ တရုတ်နိုင်ငံသားအချင်းချင်း ထိုင်းနိုင်ငံမှာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားကြောင်း ကိုပုံဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ ထို ဇာတ်ကားထဲ တွင် သူတို့နှစ်ဦး သွားခဲ့သော ဘုန်းကြီးကျောင်းမှာ ရှေးဟောင်းကျောင်းတော်ကြီး တစ်ခုဖြစ်နေပြီး သာယာအေးချမ်းတဲ့ နေရာမှာတည်ရှိကြောင်း ကို ရိုက်ကူးဖော်ပြထားပါတယ်။မည်သူမဆို အေးချမ်းတည်ငြိမ်မှု အရိပ်တွင် စိတ်အေးချမ်းသာယာဖွယ်ရှိကြောင်းကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ သွားရတဲ့ ခရီးတစ်လျှောက်လုံး ဟာ လဲ ကျေးလတ်ဒေသတို့ အစစ်အမှန်ကို ဖော်ကျူးထားကြောင်း သိသာ ထင်ရှားပါတယ်။ 14 ရာစုကတည်းကတည်ရှိခဲ့တာဖြစ်လို့ ရှေးဟောင်း အမွေအနှစ်တို့၏ နေရာထဲကတစ်ခုလည်း ဖြစ်ပါတယ်။
Comentários