UntitledKoh Larn (Island) ကိုသွားဖို့ ဆိုရင်
- phyoxray
- Jun 20, 2016
- 1 min read

Koh Larn (Island) ကိုသွားဖို့ ဆိုရင် အရင်ဆုံး ပတ္ထရားရဲ့ ဘာလီကျွန်း HAI ဆိပ်ကမ်းကို မိနစ်အနည်းငယ်လမ်းလျှောက်ရုံဖြင့် ရောက်ရှိနိုင်ပါတယ်။ 15 မိနစ်သာ စီးရတဲ့ speed boat ကို ထိုင်းဘတ်ငွေ ၂၀၀ သို့ ၃၀၀ ဖြင့် တစ်ကြောင်းသွားခရီးလက်မှတ်ဝယ်လို့ ရပါတယ်၊ ဒါမှမဟုတ်ရင် အသွားပြန်လက်မှတ်ကို ထိုင်းဘတ်ငွေ ၄၀၀ သို့ ၅၀၀ ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။ အများပြည်သူသုံး စက်လှေဖြင့်လည်း ဘတ်ငွေ 30 သာ အကုန်ကျခံ၍ လာရောက်လည်ပတ်နိုင်ပါတယ်။ ပြာတာတာ ရှိတဲ့ ပင်လယ်ရေ ပြင်ကြီးကို ကြည့်ရှု ပြီး ဘဝ အမောတွေကို ယူပစ်သလို ပျောက်ကင်းပြီး ပျော်ရွှင်ဖို့ အတွက် အသုံးချစရာကောင်းတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ရေထဲမှာ နေနိုင်သလောက် ပျော်သလောက် ဆော့ချင်သူတွေအတွက် တော့ လက်မလွှတ်သင့်တဲ့ နေရာလေးဖြစ်ပါတယ်။လေထီး ခုန်ခြင်း၊ speed boat အပျော်စီးခြင်း၊ motor cycle boat စီးခြင်းများ အပြင်အခြားစိတ်ဝင်စားစရာကောင်းတဲ့ ကစားနည်းများနဲ့ အတူ ပျော်ပျော်ကြီး လှည့်လည် လည်ပတ်နိုင်ပါတယ်။
Comentários