top of page

‘မြဘုရား ဘန်ကောက်မြို့တော်ရဲ့ အသည်းနှလုံးထဲက တစ်ခု’

ထိုင်းနိုင်ငံရဲ့ အသည်းနှလုံးဖြစ်သော ဘန်ကောက်မြို့တော်ရှိ မြဘုရားသို့ အလည်တစ်ခေါက်သွားကြရအောင်ခင်ဗျာ။ အင်မတန်မှလည်းရာဇဝင်တွေပြည့်နေတဲ့ မြဘုရားအကြောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ မြဘုရားကျောင်းဆောင်ဟာ နန်းတော်တစ်ခုထဲမှာတည်ဆောက်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ နန်းတော် ကြီးကို 1782 ခုနှစ်မှာ 218000 square meter နဲ့ တံတိုင်းလေးထပ်တည်ဆောက်ခဲ့တယ် လို့ ဆိုပါတယ်။ ပထမမြောက် ရာမဘုရင်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ယခုခေတ်အရဆိုရင်တော့ ဘုရင့်နန်းဆောင်၊ ညီလာခံသဘင်၊ အစိုးရ ရုံးတွေပါ ထည့်ဆောက်ထားပုံပါ။ မြဘုရားကို lios နိုင်ငံ ကနေ ပင့်ဆောင်ခဲ့တာဖြစ်ပြီး နှစ် နှစ်ကြာစေတီတည်ထားခဲ့ပါတယ်။ မှတ်တမ်းများအရ 1434 ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း Chiengrai ဒေသက မိုးကြိုးပစ်မှုကနေ စတင်လာကြောင်းသိရပါတယ်ခင်ဗျာ။ ပျက်စီးသွားသော စေတီများထဲမှ ထူးဆန်းတဲ့ သရွတ်နုတွေဖုံးနေတဲ့ ဆင်းတုတော်ကို ကျောက်စိမ်းဘုရားအဖြစ်သိသွားရာကနေ ဘုရင်ကော တိုင်းသူပြည်သားတွေပါ ကိုးကွယ်ကြတယ်လို့ သိရပါတယ်ခင်ဗျာ။ ဘုရင်ကမြဘုရားကို မင်္ဂလာဆင်ပေါ်တင်၍ အပူဇော်ခံရာမှ ဆင်တော်ဟာ Lampang မြို့ဖက်ကို နှစ်ကြိမ်တိုင်တိုင် ပြေးသော် အဲ့မြို့ မှာပဲ ၃၂နှစ်တိုင် အစောပိုင်း တည်ထားခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။ 1468 ခုနှစ် ဘုရင် TILOKA က မြဘုရားကို CHIENRAI ဒေသကို ပင့်ဆောင်ကိုးကွယ်ခဲ့ပါတယ်။ ဘုရင့်သမီးက လာအိုဘုရင့် သားတော်နဲ့ လက်ထပ်ပြီး လာအိုနိုင်ငံ သို့ အလည်သွားခိုက် မြဘုရားကိုပင့်သွားရာက 12 နှစ်တောင်ကြာခဲ့တယ်လို့လဲ ပြောပါတယ်။ 1564ခုမှာ ဘုရင့်နောင်မင်းတရားကြီးရဲ့ စစ်တပ်ကြီးကို မတွန်းလှန်နိုင်လို့ မြို့တော်ကို Vientiane သို့ ပြောင်းခဲ့ရာက မြဘုရားတော်သည် 214 နှစ်ကြာခဲ့ပါတယ်။ 1778 မှာ ပထမရာမဘုရင်က Vientiane မြို့တော်ကို သိမ်းပြီးနောက်မှ မြဘုရားကို ထိုင်းနိုင်ငံသို့ ပြန်လည်ပင့်ခဲ့တယ်လို့လည်း ပြောပါတယ်ခင်ဗျာ။ အဲ့အချိန်ကစပြီး မြဘုရားကိုနွေရာသီမှာ သင်္ကန်းတစ်စုံ၊ မိုးရာသီမှာ သင်္ကန်းတစ်စုံလဲပေးခဲ့တယ်တဲ့။ တတိယမြောက် ရာမဘုရင် လက်ထက်ကျ ဆောင်းရာသီပါ သင်္ကန်းတစ်စုံ လဲပေးခဲ့တယ်။ ယခုဆိုရင် သုံးရာသီ သင်္ကန်းလဲပေးတဲ့ အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပကြပါပြီ။ မြဘုရားကို 15 ရာစုမတိုင်မီကတည်းက ထုခဲ့တယ်လို့ ပညာရှင် တွေက စစ်ဆေးတွေ့ရှိခဲ့ကြတယ်။

 
Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook - White Circle
  • Google Places - White Circle
BOOK YOUR VACATION NOW

343/329 Klonglumjeak Rd, Nuanchan, Buengkum, Bangkok 10230 Thailand.

os_1668@hotmail.com

phyoxray@gmail.com

Tel: 0819957000, 0918541531

Fax: 021053566,

 

  • Facebook - White Circle
  • Google Places - White Circle

Success! Message received.

bottom of page